အပင်များဖြင့် ပြုလုပ်သော အံ့သြဖွယ် အနုပညာ
Posted: 18 Sep 2009 07:37 PM PDT
အပင်များဖြင့် ပြုလုပ်သော အံ့သြဖွယ် အနုပညာ
အိမ်မက်များရဲ့ ပန်းခြံလို့ အမည်ပေးထားတဲ့ ဒီအနုပညာ တင်ဆက်မှုကို ညီအစ်ကို မောင်နှမများ အသင်း Sue နဲ့ Pete Hill တို့ကပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။ Cornwall မှာ ရှိတဲ့ ပျောက်ဆုံးခဲ့သော Gardens of Heligan မှာ အမျိုးသမီး အစေခံတစ်ဦး ရဲ့ပုံကို အနုပညာ နဲ့ ပုံဖော်ထားခြင်း ဖြစ်ပါတယ် ။
ဖော်မြူလာ ၀မ်း ကားကိုပုံဖော်ထားခြင်းဖြစ်ပါတယ် ။
အံ့သြဖွယ်ဆင်ရုပ်ထုပုံ အနုပညာတင်ဆက်မှု ဖြစ်ပါတယ် ။
Unicorns United မှရှိတဲ့ မြင်းရုပ်ပုံကို ပုံဖော်ထားခြင်းဖြစ်ပါတယ် ။
Cornwall မှာ တံငါ ငါးဖမ်းရွာကလေး Mevagissyဆိုတာရှိပါတယ် ။ အဲဒီ မှာရှိတဲ့ the Victorian gardens မှာ country house လေးရဲ့ မြေပြင်မှာ ပုံဖော်ထားခြင်း ဖြစ်ပါတယ် ။ သူတို့ကတော့ သူတို့လူမျိုးတွေရဲ့ မူလဂုဏ်ကျက်သရေကို ပြန်လည်ဖော်ထုတ်ဖို့ ဖြစ်ပါတယ်လို့ဆိုပါတယ် ။
ဒီရုပ်ပုံလေးကတော့ ကလေးငယ်တွေကစားတဲ့ ဂျင်ပုံစံလေးကို သရုပ်ဖော်ထားခြင်းဖြစ်ပါတယ် ။ ဒီ Spinning Top လေးကတော့ Lucy ရဲ့ပထမဆုံး သရုပ်ဖော်မှုပဲဖြစ်ပါတယ် ။
Wim Quist architects တွေသရုပ်ဖော်ထားတဲ့ Scheveningen မှ Beelden ann Zee ပြတိုက်မှ လူပုံစံ ကို အပင်များဖြင့် သရုပ်ဖော်ထားခြင်းဖြစ်ပါတယ် ။
TiffersAnn ကရိုက်ကူးထားပြီး နွားကျောင်းသားပုံစံ ရုပ်ထု ဖြစ်ပါတယ် ။
ကုလားအုပ်ပုံစံ ဖန်တီးမှုဖြစ်ပါတယ် ။
Wednesday, November 11, 2009
Dubai မှာရှိတဲ့ ရေပေါ်မြို့
ကျွန်တော်တို့တွေဟာ ဒူဘိုင်းမှာရှိတဲ့ ရေပေါ်မြို့ကို ကြားဖူးပြီးသားဖြစ်ပါတယ် ။ ဒါပေမယ့် အတည်တကျနေထိုင်ဖို့ကိုတော့ အနုပညာရှင် Vincent Callebaut ကဖန်တီးပြသခဲ့ပါတယ် ။ သူ့ရဲ့ စီမံကိန်းဟာ ရေပေါ်မြို့ဖြစ်တဲ့အတွက် မြို့တည်ဆောက်ဖို့အတွက် ကုန်းမြေလိုအပ်မှုဆိုတဲ့ ပြသာနာကို ဘယ်တော့မှ ကြုံတွေ့ရမှာ မဟုတ်ပါဘူး ။
ဒီရေပေါ်သစ်ရွက်လေး (မြို့) ဟာ ယနေ့ခေတ်ရဲ့ အစိမ်းရောင်နည်းပညာရဲ့တိုးတက်မှုတစ်ခုလည်းဖြစ်ပါတယ် ။ ဒီထဲမှာ နေရောင်ခြည်မှ စွမ်းအင်ထုတ်လုပ်ခြင်း လေမှစွမ်းအင်ထုတ်လုပ်ခြင်း ရေမှ စွမ်းအင်ထုတ်လုပ်ခြင်း တွေပါဝင်မှာ ဖြစ်ပါတယ် ။အကယ်၍ လာမည့် ဆယ်စုနှစ်တစ်ခုအတွင်းမှာ ပင်လယ်ထဲသို့ အခက်အလက်သဖွယ်ထိုးထွက်နေတဲ့ Dubai ရဲ့ရေပေါ်မြို့တွေ ပေါ်ထွက်လာမယ်ဆိုရင်သင်မအံ့သြမိပါစေနှင့် ။
စာရေးသူ......သက်တန့်ချို......(၁၀း၃၈ ည ၁၈.၉.၀၉)

Subscribe to:
Posts (Atom)